RSS

အညံ့ခံရင်း . . . .


ငါ . .ထိုင်နေဖြစ်တယ်
လေလွှင့်ချင်နေတဲ့ စွန်တစ်ကောင်လို
ကိုယ့်ကိုယ်ကိုယ် အပ်ချည်ကြိုးနဲ့ ချည်နှောင်လို့ပေါ့ . .

ငါ . . ထိုင်နေဖြစ်တယ်
နှလုံးသားတွေကြမ်းတမ်း . .လို့
သွေးစွန်းခဲ့တဲ့ အကုသိုလ်တရားတွေဆီ
ကျွံကျနေတဲ့ စိတ်ဓါတ်ကို ထူမတ်ဆွဲတင်ဖြစ်ရင်း . .

အတိတ်ထဲက
အပြုံးတွေ . . မျက်ရည်တွေ . . ကြင်နာယုယမှုတွေ
မစစ်မှန်လှသော သူငယ်ချင်းဆိုတဲ့ သဘောထားတွေ
မစစ်မှန်ခဲ့သော ချစ်သူဆိုတဲ့ သဘောထားတွေ
ကိုယ်ချင်းစာတရား ခေါင်းပါးခံရခြင်းတွေ
နာကျင်ကြေမွ ကြေကွဲရခြင်းတွေ
သံသယတွေ . . အယုံကြည်ကင်းမဲ့ခံရခြင်းတွေကို
ငြိမ်းချမ်းစွာ လက်ခံ . . ခံစားရင်းနဲ့
ငြိမ်ငြိမ်သက်သက် . . ငါ . . ထိုင်နေဖြစ်တယ် . . .။ ။

ခရေငယ်( ၁.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့