RSS

ဒီဇင်ဘာ ခရီးသွားမှတ်တမ်း . . (စိုင်းစိုင်းသီချင်းခေါင်းစဉ်ကို မသိမသာ ခိုးကူးထားသည်)

အချိန်အခါမဟုတ်သော မိုးစက်များ . . ရွာနေကြသည် . .

ကျွန်မမှာ တကယ်တော့ အနွေးထည်မပါပါ . .

ခေါက်တုံ့ ခေါက်ပြန်လျှောက်ရခြင်း . . အချိန်ကြာကြာ စောင့်မျှော်ရခြင်းတို့ရဲ့ အဆုံးသတ်တွင် . .

ထိုရထား ဆိုက်ရောက်လာခဲ့လေသည် . . ။

အတူကြိုက်ခဲ့ဖူးသော . . ဇော်ဝင်းထွဋ်၏ ဘယ်သူရှိမလဲက အတိတ်နှင့် ပစ္စုပ္ပန်ကို ရန်တိုက်ပေးနေပြန်သည် . .

ထို့ကြောင့် လားရှိုးရှမ်းဆိုင်တွင် ထမင်းစားရင်း ထီးဝယ်မရခြင်းကို . . ကြွပ်ကြွပ်အိတ်ခေါင်းစွတ်ဖို့ ပြောရင်း ရွှဲရွှဲစိုသွားခဲ့လေသည် . .။


စိုင်းစိုင်းရဲ့ သီချင်းထဲမှ စင်ပေါ်မှာ တစ်ခါမှမဆိုဖူးသောသီချင်းကို အတူတူ တစ်ခါမှမဆိုဖူးသော အဆိုတော်နှင့် ဆိုတာလို . .

တစ်ခါမှ မလျှောက်ဖူးသော လမ်းမများပေါ် . . လျှောက်ဖြစ်သည် . .။


တကယ်တော့ ရန်ကုန်မနက်ခင်းသည် မိုးမရွာပါ . .

င်္ForBidden ဖြစ်ခြင်းသည် . . BandWidth ကျော်သွားခြင်းသာဖြစ်သည် . . ဟုကြားသည် . .

ထို့ကြောင့် ဒီပို့စ်ကို Hot Link များ ချိတ်ခြင်းမှ တားမြစ်ထားပါသည် . . ဟီးး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူ့မြို့

သူနေထိုင်ခဲ့ဖူးတဲ့ မြို့ကလေးဆီ . .

အလွမ်းတွေနဲ့ ဆို့နင့်လာတိုင်း . . သူ့မြို့လေးရဲ့ လမ်းမတွေပေါ် . . အလိုလိုစီးကျလာတဲ့ ကျွန်မရဲ့မျက်ရည်တွေ
ရင်ထဲမှာ ရှိုက်တဲ့ ကျွန်မရဲ့ ရှိုက်ချက်တွေကို သူ့မြို့လေးသာ
ကိုယ်ချင်းစာ . . နားလည်နိုင်ပါလိမ့်မယ် . .

နွေရာသီရဲ့ နေ့လေးတစ်နေ့မှာ
အာပြဲလေးနဲ့ အော်ငိုတတ်တဲ့ ကလေးလေးတစ်ယောက်
ဒီမြို့လေးရဲ့ ရင်ခွင်ထဲကို ရောက်လာခဲ့တယ် . .

အဖြူအစိမ်းလေးနဲ့ ချစ်စရာ သူ့ကျောင်းသားဘ၀ကိုလဲ
ဒီမြို့လေး တွေ့မြင် ပျော်ရွှင်ခဲ့ရဖူးမှာပဲ . .
ဒီမြို့လေးရဲ့ လမ်းမတွေပေါ်မှာ သူလေး တိတ်တခိုးစွဲလန်းခဲ့ဖူးတဲ့ ကောင်မလေးကို
စီးနေကျ စက်ဘီးလေးနဲ့ လိုက်ကြည့်မယ့် အချိန် . .

သူကြိုက်ခဲ့တဲ့ စိုးသူရဲ့ “ ညှို့မျက်ဝန်း ” သီချင်းလေးကို ခံစားနေမယ့်အချိန် . .
အဖြစ်မရှိလိုက်တာကွာလို့ သူ့ကို မြို့ကလေးက အားမလို အားမရ . . ဖြစ်နေခဲ့မလား . .

တောင်ပေါ်စေတီဆီ . . သူချစ်တဲ့ ချစ်သူနဲ့ တစ်နေ့နေ့လာဦးမယ်လို့ ကြုံးဝါးတိုင်း
ဟာသတစ်ခုကြားရသလို သူ့မြို့လေး ပြုံးနေမှာလား . .

ဒီလမ်းမတွေ နေမှာပေါ့ကွယ် . . သူပျော်ရွှင်ခဲ့ပါတယ်ဆိုတဲ့ နေ့တွေကိုဖြတ်သန်းခဲ့တဲ့နေရာ . .
သူသိပ်ချစ်ပါတယ်ဆိုတဲ့ ကမ်းနားကရောဘယ်လောက်များ သာယာလိုက်မလဲ . .

သူနေထိုင်ခဲ့တဲ့ . . လိပ်စာထဲက အိမ်ကလေးဆီမှာသူ့အရိပ်တွေ ထင်ကျန်နေဆဲ ဖြစ်လိမ့်မယ် . .
ငယ်ဘ၀ရဲ့ လွတ်လပ်မှု နဲ့ ကြည်နူးရယ်မောသံတွေ
ရယ်ခပ်ဝဲ၀ဲ အသံလေးနဲ့ သူပြောဖူးတဲ့ စကားတွေရယ်
ဒီမြို့လေးရဲ့ လေထုထဲမှာ ပျံဝဲပြည့်နှက်နေခဲ့မယ် . .

သူထွက်ခွာသွားတဲ့ အချိန် . . .
အလွမ်းနဲ့ ကျန်ခဲ့မယ့် မြို့လေးဆီ
သူ့ကိုလွမ်းတဲ့ အလွမ်းနဲ့ ပြည့်စုံခမ်းနားနေတဲ့ မိန်းမငယ်တစ်ယောက်
ဆိုက်ရောက်လာခဲ့ဖူးတယ် ဆိုတာ
မြို့လေး သူ့ကို ပြန်ပြောပြနိုင်မှာ မဟုတ်ပေမယ့်


ကျွန်မကတော့ အလွမ်းသက်သက် အလွမ်းတွေနဲ့
အလွမ်းသက်သက် လွမ်းဖို့မြို့လေးဆီ . .
ခြေလှမ်းလှည့်ခဲ့ရင်း လွမ်းတယ် . . . ချစ်သူငယ် . .လို့ ခပ်ဖွဖွ ရေရွတ် ။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှလုံးသား FM

မျှော်လင့်မိသော တစ်စုံတစ်ရာအတွက် လက်လှမ်းလိုက်တိုင်း . . လက်တွေ ခြောက်ကမ်းပါးထဲ ပဲ့ပဲ့ကျသွားကြသည်။
ထိတ်လန့်တကြား မအော်နိုင်ပါ . . ကျွန်မမှာ ထိတ်လန့်မှုအတွက် အော်ရန် အသံပင်မရှိတော့။
အမှန်တော့ ကျွန်မ ထမင်းလုံးတစ္ဆေ ခြောက်ခံရခြင်းသာ။

တကယ်တော့ နေရောင်မမြင်တဲ့ ရိပ်ကြီးတောတောင်ဆိုပေမယ့် ရေဒီယိုလေးတော့ ရှိစေချင်ပါသည်။
သတိရစကား ကျွန်မပါးမည်မဟုတ်သော်လည်း ဂီတနားမှာ ရှိသောကြောင့် အထီးမကျန်စေလိုသော စေတနာ ဖြစ်ပါသည်။
မွေးနေ့ ဖြစ်ဖြစ် နှစ်ပတ်လည်ဖြစ်ဖြစ် ဆုတောင်းချင်သောအခါ . . ဘယ် ရေဒီယိုလိုင်းမှာ ထည့်ရမည်မသိပါ။
သူ . . ဘယ်ရေဒီယို လိုင်း နားထောင်ပါမည်နည်း။ ကျွန်မ မသိပါ။

အေးစက်စက်ဆောင်းတွင် . . အရာရာ အေးစက်နေကြသော်လည်း . . ကျွန်မ၏ ဆောင်းဦးပေါက်လေးကိုတော့ . . သာယာ နွေးထွေး နေစေချင်သည် . . လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS