RSS

အလွမ်းအကြောင်း

ဘယ်လောက်ဝေးမှာလဲ
လျှောက်တွေးမိရင် ရင်ပူရမယ်
ချစ်သူရေ . .သစ္စာတရားကို ယုံကြည်သူတို့အတွက်
ချစ်ခြင်းက ပေးမယ့်ဆုက
လုံခြုံစိတ်ချရတဲ့ ချစ်ခြင်းဖွဲ့ဘ၀တစ်ခုဖြစ်မယ် . .

သိပ်ချစ်ခြင်းရဲ့ အကျိုးဆက်မို့
ချစ်သူရေ လွမ်းရတာကို စိတ်မပျက်နဲ့
အလွမ်းဆိုတာ ချစ်ခြင်းကို ပိုတောက်ပစေမယ့်
ဖြည့်စွက် အရောင်လဲ ဖြစ်မယ် . .

ချစ်သူလွမ်းသလို . . ကျွန်မလွမ်းသလို
ချစ်တတ်သူတိုင်း . .
ချစ်ရခြင်း . . ချစ်ခံရခြင်းတို့အတွက်
လွမ်းရင်း အဓိပ္ပါယ် ပြည့်စုံနေကြမယ် . .

ကျွန်မနှလုံးသားဆီက
အလွမ်းနဲ့ပါးတဲ့ ချစ်ခြင်းဖွဲ့စကားတွေ
အကွာအဝေးနဲ့ အတားဆီးတွေကျော်ရင်း
ချစ်သူ့နှလုံးသားဆီမှာ ကြားလိမ့်မယ် . .

နှင်းကျတဲ့ အခါ . . မိုးရွာတဲ့ အခါ
လေပြေညှင်းတွေ တိုက်တဲ့ အခါ
ပလက်ဖောင်းတွေပေါ်လမ်းလျှောက်တဲ့ အခါ
ခရေပန်းတွေ ပွင့်တာ မြင်တဲ့အခါ
ကျွန်မရဲ့ တွေးမိတွေးရာတွေက ချစ်သူ့အကြောင်းတွေသာ ဖြစ်ရင်း . .

ဘာရယ်ဟုတ်ဖူး . . လွမ်းရင်း လွမ်းမိသွားလိမ့်မယ် . . 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS