RSS

ဒီဇင်ဘာ ခရီးသွားမှတ်တမ်း . . (စိုင်းစိုင်းသီချင်းခေါင်းစဉ်ကို မသိမသာ ခိုးကူးထားသည်)

အချိန်အခါမဟုတ်သော မိုးစက်များ . . ရွာနေကြသည် . .

ကျွန်မမှာ တကယ်တော့ အနွေးထည်မပါပါ . .

ခေါက်တုံ့ ခေါက်ပြန်လျှောက်ရခြင်း . . အချိန်ကြာကြာ စောင့်မျှော်ရခြင်းတို့ရဲ့ အဆုံးသတ်တွင် . .

ထိုရထား ဆိုက်ရောက်လာခဲ့လေသည် . . ။

အတူကြိုက်ခဲ့ဖူးသော . . ဇော်ဝင်းထွဋ်၏ ဘယ်သူရှိမလဲက အတိတ်နှင့် ပစ္စုပ္ပန်ကို ရန်တိုက်ပေးနေပြန်သည် . .

ထို့ကြောင့် လားရှိုးရှမ်းဆိုင်တွင် ထမင်းစားရင်း ထီးဝယ်မရခြင်းကို . . ကြွပ်ကြွပ်အိတ်ခေါင်းစွတ်ဖို့ ပြောရင်း ရွှဲရွှဲစိုသွားခဲ့လေသည် . .။


စိုင်းစိုင်းရဲ့ သီချင်းထဲမှ စင်ပေါ်မှာ တစ်ခါမှမဆိုဖူးသောသီချင်းကို အတူတူ တစ်ခါမှမဆိုဖူးသော အဆိုတော်နှင့် ဆိုတာလို . .

တစ်ခါမှ မလျှောက်ဖူးသော လမ်းမများပေါ် . . လျှောက်ဖြစ်သည် . .။


တကယ်တော့ ရန်ကုန်မနက်ခင်းသည် မိုးမရွာပါ . .

င်္ForBidden ဖြစ်ခြင်းသည် . . BandWidth ကျော်သွားခြင်းသာဖြစ်သည် . . ဟုကြားသည် . .

ထို့ကြောင့် ဒီပို့စ်ကို Hot Link များ ချိတ်ခြင်းမှ တားမြစ်ထားပါသည် . . ဟီးး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS